ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပေါ်ပေါက်လာပုံနှင့် တက္ကသိုလ်အကြောင်း သိကောင်းစရာ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကိုရှေးဦးစွာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ လူမှုစီးပွား ရေးဘဝဖော်ဆောင်ပေးရန်ရည်ရွယ်၍ ၁၉၆၄ခုနှစ်၊ အောက်တိုဘာလ၂၀ရက်နေ့တွင် စစ်ကိုင်းမြို့၊ အေးမြဝတီရပ်၊ ကြေးဘုရားကြီးလမ်းရှိ စစ်ကိုင်းတိုင်းမင်းကြီးရုံးနှင့် တိုင်းပညာဝန် နေအိမ်တွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ ပါသည်။ ထို့နောက် ၁၉၆၈ခုနှစ်၊ သြဂုတ်လ၁၄ရက်နေ့တွင် လက်ရှိနေရာဖြစ်သည့် စစ်ကိုင်း မြို့နယ်၊ ရွာသစ်ကြီးကျေးရွာအနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံတွင် မူလတန်းဆရာအတတ်သင်တန်းနှင့် အထူးမူလတန်းဆရာအတတ် သင်တန်းများကိုဖွင့်လှစ်၍ တိုင်းရင်းသားလူငယ်များအား အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများအဖြစ်သာမကဒေသဆိုင်ရာခေါင်းဆောင်ငယ်များဖြစ်လာအောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့ပါသည်။

တိုင်းရင်းသားလူငယ်များအား တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှု တိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ခုနှစ်၊ မေလ၁၀ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၉/၉၁)ဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ်သို့ တိုးမြှင့်ပေးခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကာလတွင် ၂၀-၁၀-၁၉၆၄မှ ၃၁-၁၀-၁၉၈၈ အထိ ပညာရေးဝန်ကြီးဌာန၊ ၁-၁၁-၁၉၈၈ မှ ၉-၅-၂၀၁၂အထိ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ စီမံခန့်ခွဲမှုဖြင့်အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အား ၁၀-၅-၁၉၉၁ မှ ၃၁-၃-၂၀၁၂ အထိ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့(ယခုပြည်ထောင်စုရာထူးဝန်အဖွဲ့)မှ စီမံခန့်ခွဲမှုယူခဲ့ပြီး ၁-၄-၂၀၁၂ ရက်နေ့မှစ၍တက္ကသိုလ် အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံကွပ်ကဲမှုယူ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် အရာထမ်း (၁၈၇)ဦး၊ အမှုထမ်း (၃၆၄)ဦး၊ စုစုပေါင်း(၅၅၁)ဦး ဖွဲ့စည်းထားရှိ ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်ကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏၂၉-၃-၂၀၁၉ရက်စွဲပါစာအမှတ်၊၂/၁/၀၀၁(ည-၁၄)/ ၁၂၉၈/ ပညလက-၂၀၁၉ဖြင့် အောက်ပါအတိုင်းပြင်ဆင်ချမှတ်ပေးခဲ့ပါသည် -

(က) ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်းပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ် များဖြစ်လာစေရန်။

(ခ) ပါတီနိုင်ငံရေးကင်းစင်ပြီးစာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေး ဝန်ထမ်းကောင်းများမွေးထုတ်ပေးရန်၊

(ဂ) နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့်ဦးဆောင်နိုင်စွမ်းရည်မြှင့်တင်ရန်၊

(ဃ) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်မှုကို ရှေးရှု၍ သုတေသနလုပ်ငန်းများဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်၊

(င) ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များဖြစ်လာစေရန်။

Our Logo and Motto

ဖွင့်လှစ်ခဲ့သောသင်တန်းအမျိုးအစားများနှင့်ကျောင်းဆင်းအင်အား

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းမှ ၁၉၆၄ခုနှစ်မှ ၂၀၁၉ခုနှစ် ပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့သောသင်တန်းအမျိုးအစားများနှင့် ကျောင်းဆင်း အင်အားမှာအောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်သင်တန်းအမှတ်စဉ်ကာလဘွဲ့/လက်မှတ်ရ ဦးရေမှတ်ချက်
မဟာပညာရေးဘွဲ့သင်တန်း၁-၁၈၁၉၉၄-၂၀၂၀၁၃၁လုပ်ငန်းခွင်
မဟာဒဿန(ပညာရေး)ဘွဲ့သင်တန်း၁-၉၁၉၉၂-၂၀၀၂၃၅လုပ်ငန်းခွင်
ပညာရေးဘွဲ့(၁)နှစ်သင်တန်း၁-၂၁၁၉၉၁-၂၀၁၂၁၀၅၀လုပ်ငန်းခွင်
ပညာရေးဘွဲ့ပေါင်းကူး(၂)နှစ်သင်တန်း၁-၇၂၀၀၄-၂၀၁၂၄၄၃လုပ်ငန်းခွင်
ပညာရေးဘွဲ့(၄)နှစ်သင်တန်း၃၆-၄၃၂၀၀၁-၂၀၁၂၁၉၆၁လုပ်ခွင်ကြို
ပညာရေးဘွဲ့(၅)နှစ်သင်တန်း၁-၃၂၀၁၂-၂၀၁၉၆၅၅လုပ်ခွင်ကြို
ဆရာအတတ်ပညာဒီပလိုမာသင်တန်း၁-၁၀၂၀၀၂-၂၀၂၀၉၃၂လုပ်ငန်းခွင်
အလယ်တန်းဆရာအတတ်သင်တန်း၁-၂၁၁၉၉၁-၂၀၁၂၉၅၆လုပ်ငန်းခွင်
အထူးမူလတန်းဆရာအတတ်သင်တန်း၁-၆၁၉၉၀-၁၉၉၆၄၆၁လုပ်ခွင်ကြို
၁၀မူလတန်းဆရာအတတ်သင်တန်း၁-၄၅၁၉၆၄-၂၀၁၆၇၁၆၂လုပ်ခွင်ကြို
စုစုပေါင်း၁၃၇၈၆

သင်တန်းအမျိုးအစား၊ သင်တန်းကာလနှင့်ချီးမြှင့်သည့်ဘွဲ့

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်း အမျိုးအစား၊ သင်တန်းကာလနှင့်ချီးမြှင့်သည့်ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်သင်တန်းအမည်သင်တန်းကာလဘွဲ့
(က)မဟာပညာရေးဘွဲ့(၂)နှစ်မဟာပညာရေးဘွဲ့(M.Ed.)
(ခ)ပညာရေးဘွဲ့(၅)နှစ်(၅)နှစ်ပညာရေးဘွဲ့ (B.Ed.)

တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်ကြီးနှင့်ပါမောက္ခချုပ်များ

တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်ကြီးနှင့်ပါမောက္ခချုပ်များ

၄။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကာလတွင် တာဝန်ထမ်းဆောင် ခဲ့သောကျောင်းအုပ်ကြီးများမှာအောက်ပါအတိုင်းဖြစ်ပါသည် -

(က) ဗိုလ်မှူးထွန်းမြတ်၊ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေးသိပ္ပံ

(၂၀-၁၀-၁၉၆၄မှ၁၄-၁-၁၉၆၈အထိ)

(ခ) ဗိုလ်မှူးသန်းရွှေ၊ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေးသိပ္ပံ

(၁၅-၁-၁၉၆၈မှ၃-၈-၁၉၇၃အထိ)

(ဂ) ဦးတင်မောင်၊ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေးသိပ္ပံ

(၂၇-၁၂-၁၉၇၃မှ၃၁-၁-၁၉၇၇အထိ)

(ဃ) ဦးသန်းရွှေ၊ညွှန်ကြားရေးမှူး၊ဖွံ့ဖြိုးရေးသိပ္ပံ

(၂၃-၈-၁၉၇၇မှ၂၈-၂-၁၉၈၁အထိ) (ဒုတိယအကြိမ်)

(င) ဗိုလ်မှူးအုန်းကျော်၊ ကျောင်းအုပ်ကြီး၊ ဖွံ့ဖြိုးရေးသိပ္ပံ

(၁-၃-၁၉၈၁မှ၃၀-၁၂-၁၉၈၈အထိ)

(စ) ဒုတိယဗိုလ်မှူးကြီးအေးသွင်၊ ကျောင်းအုပ်ကြီး၊ ဖွံ့ဖြိုးရေးသိပ္ပံ

(၃-၁-၁၉၈၉မှ၁၅-၅-၁၉၉၁အထိ)

၆။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ သော ပါမောက္ခချုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ဒုတိယဗိုလ်မှူးကြီးအေးသွင်၊ ပါမောက္ခချုပ်၊ဖွံ့ဖြိုးရေးတက္ကသိုလ်

(၁၆-၅-၁၉၉၁မှ၂၃-၇-၁၉၉၈အထိ)

(ခ) ဗိုလ်မှူးကြီးဇော်မင်းသိန်း၊ ပါမောက္ခချုပ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်

(၂၄-၇-၁၉၉၈မှ၃-၆-၂၀၁၂အထိ)

(ဂ) ဦးစိုးတင့်၊ ပါမောက္ခချုပ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်

(၁-၉-၂၀၁၂မှ၃၀-၇-၂၀၁၅အထိ)

(ဃ) ဦးမြဝင်း၊ ပါမောက္ခချုပ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ် (၁-၄-၂၀၁၆မှယနေ့အထိ)

Rector and Pro-Rectors

Organization Structure