Library


စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်
⦁ အရည်အချင်းမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရန်၊
⦁ စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းဖြစ်ရန်၊
⦁ နေ့စဉ်နှင့်အမျှ တိုးတက်လာသောပညာဗဟုသုတများကို အခြေခံအဆင့်မှ သုတေသီ အဆင့်ထိ လေ့လာဆည်းပူးနိုင်ရန်၊
⦁ ပညာရေးတွင်သာမက နောင်တစ်ခေတ်တွင် တိုင်းပြည်၏သားကောင်း၊ သမီးမွန်များ ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန်၊
⦁ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ တိုးပွားလာစေရန်နှင့် ပညာ ဗဟုသုတများတိုးပွားစေရန်၊

စာကြည့်တိုက်စတင်တည်ထောင်ခြင်း
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စာကြည့်တိုက်ကို ဖွံ့ဖြိုးရေးသိပ္ပံကာလဖြစ်သည့် ၁၉၆၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့တွင် စစ်ကိုင်းမြို့ ဖွွံ့ဖြိုးရေး သိပ္ပံ ကျောင်းဝန်းအတွင်းရှိ ညွှန်ကြားရေးမှူး (ကျောင်းအုပ်ကြီး)၏ နေအိမ်အောက်ထပ် ဆရာများအခန်း၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၈ခုနှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စစ်ကိုင်းမြို့မှ ရွာသစ်ကြီးကျေးရွာသို့ ပြောင်းရွှေ့ သည့်အခါ ဖွံ့ဖြိုးရေးသိပ္ပံစာကြည့်တိုက်ကို ပန်းချီနှင့်ယဉ်ကျေးမှုအနုပညာဌာနခန်း၌ တွဲဖက် ဖွင့်လှစ်ခဲ့ပါသည်။၁၉၇၈ခုနှစ်တွင် ဖွံ့ဖြိုးရေးသိပ္ပံစာကြည့်တိုက်ကို သီးခြားအဆောက်အဉီ ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၄ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သော ဖွွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဉီသစ်ကို ၂၀၀၅ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ် နိုင်ခဲ့ပါသည်။ တက္ကသိုလ်စာကြည့်တိုက်၊ပြတိုက် အဆောက်အဉီသစ်သည် သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဉီဖြစ်ပြီး အလျား ပေ၂၀၀၊ အနံပေ၄၀ ရှိပါသည်။

ဖွဲ့စည်းပုံ

ဖွံ့ဖြိုးရေးတက္ကသိုလ်စာကြည့်တိုက်၏ ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အားမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ်ရာထူးခွဲဝေခန့်ထားလစ်လပ်မှတ်ချက်
(က)စာကြည့်တိုက်မှူး-
(ခ)လ/ထစာကြည့်တိုက်မှူး-
(ဂ)လ/ထပြတိုက်မှူး-
(ဃ)စာကြည့်တိုက်လ/ထ(၂)-
(င)ပြတိုက်လ/ထ(၂)-
(စ)အကြီးတန်းစာရေး-
(ဆ)အငယ်တန်းစာရေး
(ဇ)ရုံးအကူ
စုစုပေါင်း၁၁

စာကြည့်တိုက်စည်းကမ်းများ

(က) စာကြည့်တိုက်ဖွင့်ရက်သည် အင်္ဂါနေ့မှ စနေနေ့အထိ ဖြစ်ပြီး ဖွင့်ချိန်မှာ နံနက်

(၀၈:၀၀) နာရီမှ (၁၁:၀၀)နာရီ၊ မွန်းလွဲ(၁၃:၀၀)နာရီမှ (၁၆:၀၀) နာရီထိဖြစ်သည်။

(ကျောင်းပိတ်ကာလတွင် စာကြည့်တိုက်ဖွင့်ရက်သည် တနင်္လာမှ သောကြာနေ့ အထိ ဖြစ်သည်)

(ခ) တစ်ဦးလျှင်စာအုပ်(၃)အုပ်ကို ရက်သတ္တပတ်သာ ဌားရမ်းခွင့်ရှိသည်။ စာအုပ်ခန်းသို့ ဝင်ခွင့်မရှိပါ။

(ဂ) ဌားလိုသောစာအုပ်ကို  စာအုပ်အမည်၊ စာရေးသူ၊ တိုက်ပိုင်အမှတ်၊ မျိုးတူစုများကို ပြည့်စုံစွာဖော်ပြပြီး စာအုပ်ဌားကောင်တာ၌ ဌားယူရမည်။

(ဃ) ဌားရမ်းထားသောစာအုပ်ကို သက်တမ်းတိုးလိုလျှင် ၎င်းစာအုပ်သည် အခြားသူတစ်ဦးမှ ဌားရမ်းရန် မှာကြားထားခြင်းမရှိပါက နောက်ထပ်သက်တမ်းတိုးနိုင်သည်။

(င) သုတေသနစာတမ်း ရေးသားနေသူများအတွက် တစ်ဦးလျှင် စာအုပ်(၅)အုပ်ကို ရက်သတ္တ(၂)ပတ် ဌားရမ်းခွင့်ရှိသည်။

(စ) စာအုပ်များကို သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်ပြီးအပ်နှံပါက ရက်လွန်ကြေး အဖြစ် စာအုပ်တစ်အုပ်လျှင် တစ်ရက်(၅၀) ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်။

(ဆ) ပျက်စီးပျောက်ဆုံးသောစာအုပ်အတွက် အလားတူမူရင်းစာအုပ်အသစ်ကို အစားထိုး ပေးလျော်ရမည်။ စာအုပ်အသစ်ပေးလျော်နိုင်ခြင်းမရှိလျှင် ယင်းစာအုပ်၏ ကာလ တန်ဖိုး (၃)ဆကို ပေးလျော်ရမည်။

(ဇ) စာနယ်ဇင်းများနှင့် ရည်ညွှန်းစာအုပ်များကို စာကြည့်တိုက်အတွင်း၌သာ ဖတ်ရှုနိုင် ပြီး စာကြည့်တိုက်ပြင်ပသို့ ယူဆောင်ခြင်းမပြုရ။

(ဈ) မိမိကိုယ်ပိုင်စာဌားကဒ်ဖြင့်သာ ဌားရမ်းဖတ်ရှုနိုင်သည်။ ကိုယ်စားဌားရမ်းခြင်း၊

စာဌားကဒ်အား တစ်ဆင့်လွှဲပြောင်းခြင်းမပြုရ။  စာဌားကဒ်ပျက်စီးပျောက်ဆုံးပါက

စာကြည့်တိုက်သို့ အကြောင်းကြားရမည်။

(ည) မိမိကိုယ်ပိုင် လက်ဆွဲအိတ်၊ လွယ်အိတ်နှင့် ဖိုင်တို့ကို စာကြည့်ခန်းအတွင်း ယူဆောင် လာခြင်းမပြုရ။

စာအုပ်ဦးရေနှင့်အမျိုးအစားများ

ဖွံ့ဖြိုးရေးတက္ကသိုလ် စာကြည့်တိုက်တွင် ဘာသာရပ်အလိုက် ပညာရပ်စာအုပ်များ၊ သုတ ရသစာအုပ်များစုဆောင်းထားရှိပါသည်။ စာကြည့်တိုက်တွင် မြန်မာစာအုပ်ပေါင်း (၁၁၇၀၉)အုပ်၊ အင်္ဂလိပ်စာအုပ်ပေါင်း(၇၂၃၈)အုပ်၊ ဂျပန်စာအုပ်ပေါင်း(၆၀၁)အုပ်၊ မဂ္ဂဇင်း စာအုပ်ပေါင်း(၆၅၄၀) အုပ်၊ စုစုပေါင်း (၂၆,၀၈၈) အုပ်ရှိပါသည်။

တက္ကသိုလ်စာကြည့်တိုက်တွင် သင်ကြားရေးအထောက်အကူပြုနိုင်သော ပညာရပ် ဆိုင်ရာစာအုပ်များ၊ ဘာသာရေးဆိုင်ရာစာအုပ်များ၊ ဗဟုသုတရရှိဖွယ်စာအုပ်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဆိုင်ရာစာအုပ်များ၊ နည်းပညာဆိုင်ရာစာအုပ်များ၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာစာအုပ်များ၊ ရည်ညွှန်းစာအုပ်များ၊ စာပေဆိုင်ရာစာအုပ်များ၊ စာတမ်းများ၊ ရသစာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများနှင့် နေ့စဉ်ထုတ်သတင်းစာများကို အမျိုးအစား စုံလင်စွာဖြင့် စနစ်တကျထားရှိပါသည်။ စာအုပ်များကို လွယ်ကူမြန်ဆန်စွာ   ရှာဖွေနိုင်ရန် 

“ Dewey Decimal Classification” စနစ်ဖြင့် ထိန်းသိမ်းထားရှိပါသည်။



အခမ်းအနားများ



56th Anniversary

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (၅၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ (၂၀-၁၀-၂၀၂၀)

လှုပ်ရှားမှုပုံရိပ်များ



ကချင်ရိုးရာအက
ရိုးရာဝတ်စားဆင်ယင်မှုပြပွဲ

ဆက်သွယ်ရန်



ဖုန်း (+95) 9797 968134

ဖက်စ် (+95) 26788954

အီးမေးလ် admin@undr.edu.mm