အဖွင့်မှာစကား
အဖွင့်မှာစကား
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကိုရှေးဦးစွာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ လူမှုစီးပွား ရေးဘဝဖော်ဆောင်ပေးရန်ရည်ရွယ်၍ ၁၉၆၄ခုနှစ်၊ အောက်တိုဘာလ၂၀ရက်နေ့တွင် စစ်ကိုင်းမြို့၊ အေးမြဝတီရပ်၊ ကြေးဘုရားကြီးလမ်းရှိ စစ်ကိုင်းတိုင်းမင်းကြီးရုံးနှင့် တိုင်းပညာဝန် နေအိမ်တွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ ပါသည်။ ထို့နောက် ၁၉၆၈ခုနှစ်၊ သြဂုတ်လ၁၄ရက်နေ့တွင် လက်ရှိနေရာဖြစ်သည့် စစ်ကိုင်း မြို့နယ်၊ ရွာသစ်ကြီးကျေးရွာအနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံတွင် မူလတန်းဆရာအတတ်သင်တန်းနှင့် အထူးမူလတန်းဆရာအတတ် သင်တန်းများကိုဖွင့်လှစ်၍ တိုင်းရင်းသားလူငယ်များအား အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများအဖြစ်သာမကဒေသဆိုင်ရာခေါင်းဆောင်ငယ်များဖြစ်လာအောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့ပါသည်။ တိုင်းရင်းသားလူငယ်များအား တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှု တိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ခုနှစ်၊ မေလ၁၀ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၉/၉၁)ဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ်သို့ တိုးမြှင့်ပေးခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကာလတွင် ၂၀-၁၀-၁၉၆၄မှ ၃၁-၁၀-၁၉၈၈ အထိ ပညာရေးဝန်ကြီးဌာန၊ ၁-၁၁-၁၉၈၈ မှ ၉-၅-၂၀၁၂အထိ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ စီမံခန့်ခွဲမှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အား ၁၀-၅-၁၉၉၁ မှ ၃၁-၃-၂၀၁၂ အထိ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့(ယခုပြည်ထောင်စုရာထူးဝန်အဖွဲ့)မှ စီမံခန့်ခွဲမှုယူခဲ့ပြီး ၁-၄-၂၀၁၂ ရက်နေ့မှစ၍တက္ကသိုလ် အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံကွပ်ကဲမှုယူ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် အရာထမ်း (၁၈၇)ဦး၊ အမှုထမ်း (၃၆၄)ဦး၊ စုစုပေါင်း(၅၅၁)ဦး ဖွဲ့စည်းထားရှိ ပါသည်။
အခမ်းအနားများ
56th Anniversary
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (၅၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ (၂၀-၁၀-၂၀၂၀)
လှုပ်ရှားမှုပုံရိပ်များ
ကချင်ရိုးရာအက
ရိုးရာဝတ်စားဆင်ယင်မှုပြပွဲ
ဆက်သွယ်ရန်
ဖုန်း (+95) 9797 968134
ဖက်စ် (+95) 26788954
အီးမေးလ် admin@undr.edu.mm